> 首页 > MFN

လေယာဉ်ကွင်း ၄ ကွင်း ပြန် အဆင့်မြှင့်ဖို့ လုပ်ငန်းရှင်များထံ ကမ်းလှမ်း

အခု၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထဲမှာ ပြည်တွင်းရှိ လေယာဉ်ကွင်းများ ပြန်လည်ပြုပြင်သွားဖို့ ရှိနေပါတယ်။ အဓိက လေယာဉ်ကွင်းများရဲ့ လေယာဉ်ပြေးလမ်းမ၊ လေယာဉ်ရပ်နားနေရာများ ပြန်လည်အဆင့်မြှင့်တင်ဖို့ ဖြစ်တယ်လို့ ပို့/ဆက်ဝန်ကြီးဌာနက စီးပွားရေးလုပ်ငန်းရှင်တွေကို ကမ်းလှမ်းလာတာပါ။ ပြန်ပြုပြင်မယ့် ပြည်တွင်းလေယာဉ် ကွင်းတွေကတော့ ကျောက်ဖြူလေယာဉ်ကွင်း၊ မိုင်းဆတ်လေယာဉ်ကွင်း၊ မော်လမြိုင်လေယာဉ်ကွင်းနဲ့ ကလေးလေယာဉ်ကွင်းတို့ ဖြစ်ပါတယ်။

အဆိုပါ လေယာဉ်ကွင်း၄ကွင်း အဆင့်မြှင်ဖို့အတွက် ကျောက်ကတ္တရာ ထပ်ပိုးလွှာတင်တာ၊ ကျောက်ကတ္တရာ ညှီလွှာခင်းတာနဲ့ ရေပိတ်လွှာနှစ်ထပ်လောင်းတဲ့ လုပ်ငန်းတွေ လုပ်ဆောင်သွားရမယ်လို့ သိရပါတယ်။ အဲလိုလုပ်ဆောင်ဖို့ ကျောက်ဖြူလေယာဉ်ကွင်း ပြေးလမ်းသုံး ကတ္တရာတန်ချိန်၃၂၄တန်၊ မိုင်းဆတ်လေယာဉ်ကွင်းအတွက် ကတ္တရာ၂၃၉တန်၊ မော်လမြိုင် လေယာဉ်ကွင်းအတွက် ကတ္တရာ၂၀၈တန်နဲ့ ကလေးလေယာဉ်ကွင်းအတွက် ကတ္တရာ၁၆၀ဒသမ၃၉တန် အသုံးပြုဖို့ လိုအပ်ချက်ရှိနေတယ်လို့ သိရပါတယ်။

ဒီအပြင် ကျောက်ဖြူလေယာဉ်ကွင်း ပြေးလမ်းသုံး ခွဲကျောက်အရွယ်စုံ ၂၃၅၈ကျင်းလည်း လိုအပ်နေတာပါ။ ဒါကြောင့်‌ပြည်တွင်း လေယာဉ်ကွင်း၄ကွင်း ပြန်ပြုပြင်အဆင့်မြှင့်ဖို့ လိုအပ်တဲ့ အထက်ပါပစ္စည်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံ ဝယ်ယူသွားမှာဖြစ်တဲ့အတွက် အိတ်ဖွင့်တင်ဒါစနစ်နဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရောင်းချလိုတဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေကို မင်္ဂလာဒုံမြို့နယ် လေဆိပ်လမ်းရှိ ပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန (ရုံးချုပ်)မှာ ယနေ့ဇွန်၆ရက်မှာ စတင်တင်ဒါလျှောက်လွှာ ပုံစံများ ရောင်းချပေးနေတယ်လို့ သိရပါတယ်။ လာမယ့်ဇွန်၁၃ရက်မှာ တင်ဒါအရောင်းပိတ်မှာ ဖြစ်ပြီး တင်သွင်းရက်ကိုတော့ ဇွန်၂၁ရက် ညနေ၃နာရီ နောက်ဆုံးထား ပြန်လည်တင်သွင်း ရမှာပါ။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: