ကမ္ဘာကြီးရဲ့အပူချိန်

ကမ္ဘာမြေကြီးရဲ့ပူနွေးလာမှုကြောင့်တောင်ဝင်ရိူးစွန်းဒေသကရေခဲတောင်များဟာတခါမှမမြင်ဘူးတဲ့အရှိန်နဲ့အရည်ပျော်ကြနေတယ်လို့ဆိုပါတယ်။

ဒီလိုပူနွေးလာမှုတွေကြောင့်မကောင်းသောအကျိုးသက်ရောက်မှုအမျိုးမျိုးပါဖြစ်ပေါ်စေပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ်လိုမျိူးဖန်လုံအိမ်ဓာတ်ငွေ့တွေကိုလေထုထဲထုတ်လွှတ်ရာကနေတဆင့်ကမ္ဘာကြီးရဲ့ပျမ်းမျှအပူချိန်ဟာတဖြည်းဖြည်းတိုးလာရင်းကမ္ဘာမြေကြီးရဲ့ပူနွေးမှုကိုဖြစ်ပေါ်လာစေပါတယ်။

အပူချိန်တိုးမြှင့်ရာကနေမိုးသည်းထန်စွာရွာခြင်း၊ရေကြီးခြင်း၊မိုးခေါင်ခြင်းစတဲ့သဘာဝပတ်ဝန်းကျင်နဲ့သတ္တဝါတို့ကိုများစွာထိခိုက်ပျက်စီးမှုများဖြစ်ပေါ်စေပါတယ်။

ဒီလိုဖြစ်စဉ်တွေနဲ့ဆက်စပ်ပြီးစပါးအထွက်နှုန်းကျဆင်းခြင်း၊သက်ရှိသတ္တဝါများသေဆုံးခြင်း၊ရှားပါးမျိုးစိတ်များမျိုးတုန်းခြင်းစတာတွေဟာမြင့်တက်လာမှာဖြစ်ပါတယ်။

ဒါတင်မကသေးပါ။

ကမ္ဘာမြေကြီးပူနွေးလာမှုနဲ့အတူရာသီဥတုပြောင်းလဲလာခြင်းကိုပါဖြစ်ပေါ်စေပြီး၊ခြောက်သွေ့သောမြေကြီးမှသဲကန္တာရများဆီသို့ကူးပြောင်းခြင်း၊မိုးများသောရပ်ဝန်းများတွင်ရေကြီးခြင်းများပါဖြစ်ပေါ်လာစေနိုင်ပြီးရေအရင်းအမြစ်များစွာပါပျက်စီးလာခြင်းစတဲ့အမျိုးမျိုးသောအန္တရာယ်တွေဖြစ်ပေါ်လာနိူင်စေတယ်လို့ဆိုပါတယ်။

ကမ္ဘာမြေပေါ်မှ၉၀%ကျော်ရေခဲများတည်ရှိရာတောင်ဝန်ရိုးစွန်းဒေသမှရေခဲများဟာ၊တခါမှမမြင်ဘူးတဲ့အရည်ပျော်နှုန်းနဲ့အတူပျောက်ကွယ်သွားရင်း၊ပင်လယ်ရေမျက်နှာပြင်မြင့်တက်ရာမှသစ်ပင်များပေါက်ဖွားရာသစ်တောများရဲ့ဧရိယာဟာလဲလျှော့ကျသွားနိုင်ပါသေးတယ်။

လူသားများရဲ့အမျိူးမျိုးသောစီးပွားရေးလုပ်ကိုင်ပုံမတူညီမှုများနဲ့အတူကျောက်မီးသွေး၊ရေနံနဲ့ကျောက်ဖြစ်
ရုပ်ကြွင်းလောင်စာအသုံးပြုမှုများဟာလဲတနေ့တခြားတိုးတက်များပြားလို့လာနေပါတယ်။

ဒီလိုကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်မှုများခြင်းနဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်စုပ်ယူပေးမဲ့သစ်တောများမျိူးတုန်းလာခြင်းဟာကမ္ဘာမြေကြီးရဲ့နာမကျန်းဖြစ်မှုကိုဖိတ်ခေါ်သလိုဖြစ်ပေါ်နေပါတယ်။

အကယ်၍များတိုးတက်လာသောယနေ့ခေတ်ကမ္ဘာမှာကမ္ဘာမြေကြီးရဲ့ပူနွေးမှုဟာယခုထက်ပိုမိုမြင့်မားလာပါကမြန်မာနိုင်ငံအနေနဲ့ကောဘယ်လိုဒုက္ခတွေကိုရင်ဆိုင်ရနိုင်ပါသလဲ။

မိမိအနေနဲ့ဘယ်လိုများလုပ်ရင်ကမ္ဘာမြေကြီးရဲ့အပူချိန်မြင့်တက်လာမှုကိုလျှော့ချပေးနိုင်မလဲလို့မိတ်ဆွေကောစဉ်းစားဖူးပါသလား။

ကမ္ဘာမြေကြီးရဲ့အပူချိန်မြင့်တက်လာမှုကိုလျှော့ချဖို့အတူတူကြိုးစားကြပါစို့လို့တိုက်တွန်းရင်း……..

ချစ်တဲ့-ဟိခါ့လိမိုး


ကမ္ဘာမြေကြီးရဲ့ပူနွေးလာမှုကြောင့်တောင်ဝင်ရိုးစွန်းဒေသကရေခဲတောင်များဟာတခါမှမမြင်ဘူးတဲ့အရှိန်နဲ့အရည်ပျော်ကြနေတယ်လို့ဆိုပါတယ်။


ကာဗွန်ဒိုင်အောက်ဆိုဒ်လိုမျိုးဖန်လုံအိမ်ဓာတ်ငွေ့တွေကိုလေထုထဲထုတ်လွှတ်ရာကနေတဆင့်ကမ္ဘာကြီးရဲ့ပျမ်းမျှအပူချိန်ဟာတဖြည်းဖြည်းတိုးလာရင်းကမ္ဘာမြေကြီးရဲ့ပူနွေးမှုကိုဖြစ်ပေါ်လာစေပါတယ်။



ဒါတင်မကသေးပါ။

ကမ္ဘာမြေကြီးပူနွေးလာမှုနဲ့အတူရာသီဥတုပြောင်းလဲလာခြင်းကိုပါဖြစ်ပေါ်စေပြီး၊ခြောက်သွေ့သောမြေကြီးမှသဲကန္တာရများဆီသို့ကူးပြောင်းခြင်း၊မိုးများသောရပ်ဝန်းများတွင်ရေကြီးခြင်းများပါဖြစ်ပေါ်လာစေနိုင်ပြီးရေအရင်းအမြစ်များစွာပါပျက်စီးလာခြင်းစတဲ့အမျိုးမျိုးသောအန္တရာယ်တွေဖြစ်ပေါ်လာနိုင်စေတယ်လို့ဆိုပါတယ်။


လူသားများရဲ့အမျိုးမျိုးသောစီးပွားရေးလုပ်ကိုင်ပုံမတူညီမှုများနဲ့အတူကျောက်မီးသွေး၊ရေနံနဲ့ကျောက်ဖြစ်


ဒီလိုကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်မှုများခြင်းနဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်စုပ်ယူပေးမဲ့သစ်တောများမျိုးတုန်းလာခြင်းဟာကမ္ဘာမြေကြီးရဲ့နာမကျန်းဖြစ်မှုကိုဖိတ်ခေါ်သလိုဖြစ်ပေါ်နေပါတယ်။




ချစ်တဲ့-ဟိခါ့လိမိုး

Leave a comment