Print

လက်အကြောင်း သိကောင်းစရာ

  25-Feb-2017
Preview Image

လက်အကြောင်း သိကောင်းစရာ
လက်ဖဝါးနှစ်ဖက်နဲ့ လက်ချောင်းလေးတွေရဲ့ အရေပြားဟာ တမူထူးခြားပါတယ်။ အမွှေးအမျှင် မရှိပါဘူး။ လက်ဗွေရာ ရှိပါတယ်။ အကြမ်းခံနိုင်ပြီး ဒူပေဒဏ်ပေခံနိုင်ပါတယ်။ ဒါပေမယ့် အထိအခိုက်လည်း လွယ်ကူပါတယ်။ လက််ချောင်းတစ်ချောင်း ဟာ ဘယ်တော့မှ တည့်တည့်မတ်မတ် မဖြောင့်တန်းနိုင်ပါဘူး။ အထူးသဖြင့် လက်ညှိုး၊ လက်သူကြွယ်နဲ့ လက်သန်းတို့ဟာ အနည်းငယ် ကွေးညွှတ်နေတတ်ကြပါတယ်။ 

 

တံတောင်ဆစ်မည်းပြီး ကြမ်းနေခြင်း
တံတောင်ဆစ်မည်းနေတာ အတွက် သံပရာရည်နဲ့ ပွတ်ပေးပါ။ ရေချိုးရင် သေချာပွတ်တိုက်ပေးပါ။ အပြင်ထွက်ရင် sunscreen လိမ်းပြီးမှ ထွက်ပါ။ ညအိပ်ရာဝင်စဉ် ခရင်မ်တစ်ခုခုလိမ်းပေးပါ။ သံပရာရည်၊ လိမ္မော်ရည်နဲ့ အုန်းဆီရောစပ်ပြီး လိမ်းတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ 

 

လက်ကို Moisturizer လိမ်းခြင်း
လက်ကို တစ်နေ့လေးကြိမ် moisturizer လိမ်းပေးဖို့ လိုပါတယ်။ မျက်နှာအတွက်သုံးတဲ့ exfoliator ကို လက်အတွက်လည်း သုံးနိုင်ပါတယ်။ တစ်ပတ်တစ်ခါ သုံးနိုင်ပါတယ်။ တစ်ပတ်တစ်ကြိမ်လောက် မျက်နှာလိမ်းခရင်မ်ကို လက်မှာ ညအိပ်ရာဝင်ခင်လိမ်းပြီး အိပ်နိုင်ပါတယ်။ 

 

ခြောက်သွေ့ကြမ်းရော်သော လက်များအတွက်
လက်ဖဝါးဟာ ခြောက်သွေ့ကြမ်းရော်နေတယ် ဆိုရင် ဆပ်ပြာနဲ့ ရေဆေးပြီး နောက်ထပ်ပြီး လက်ကို ရေစွတ်ပေးပါ။ လက်ဖဝါးထဲ ဆားထည့်ပြီး ရေခွက်ထဲမှာ ပွတ်သပ်ပေးပါ။ ပြီးလို့ရှိရင် လက်ကို အခြောက်ထားပြီး moisturizer လိမ်းပေးပါ။
နောက်တစ်နည်းကတော့ သံပရာရည်တစ်ဇွန်း (စားပွဲတင်ဇွန်း)၊ သကြားတစ်ဇွန်း (လက်ဖက်ရည်ဇွန်း)နဲ့ ရေအနည်းငယ်ရောပြီး လက်ကိုလိမ်းပေးရပါမယ်။ လိမ်းပြီးငါးမိနစ်လောက် ဒီအတိုင်းထားပေးပါ။ ပြီးမှ ရေနွေးနဲ့ ထပ်ဆေးကြောပေးရမှာ
ဖြစ်ပါတယ်။ လက်တစ်ခုလုံးကို နူးညံ့စေပါတယ်။ လက်ဖဝါးကြမ်းရှနေတဲ့ သူများအတွက် ကတော့ ခရမ်းချဉ်သီး တစ်လုံးရဲ့ အရည်ကိုညှစ်ယူပါ။ ပြီးရင် သံပရာရည် (သံပရာသီး တစ်လုံးစာ)နဲ့ ကောင်းစွာ ရောစပ်ပါ။ပြီးမှ အဲဒီ့အထဲကို ဂလိုင်းစရင်း ၂ ဇွန်း-၃ဇွန်း (စားပွဲဇွန်း) ထပ်ရောပေးပါ။ ပြီးရင် အဲဒီ့အရည်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး ၃-၄ မိနစ်လောက် အခြောက်ခံပေးရမှာ ဖြစ်ပါတယ်။ အခြောက်ခံပြီးမှ ရေနွေးနဲ့ ဆေးကြောပေးပါ။ 

 

လက်ဖဝါးနှိပ်ပေးခြင်း
လက်ဖဝါးတစ်ဖက်ကို ကျန်လက်ဖမိုးပေါ်မှာ ထပ်ပြီး စက်ဝိုင်းပုံစံ ပွတ်သပ်ပေးပါ။ ထပ်ခါထပ်ခါ လုပ်ပေးပါ။ လက်ဖဝါးသွေးလည်ပတ် စီးဆင်းမှုကောင်းစေပါတယ်။ လက်ကိုလည်း နွေးထွေးစေပါတယ်။ ညစဉ် သံလွင်ဆီ လိမ်းပြီး လက်ဖဝါး၊ လက်ဆစ်ချောင်းလေးတွေကို နှိပ်နယ်ပေးပါ။သံလွင်ဆီနဲ့ သံပရာရည် ရောစပ်ပြီး လက်ကိုလိမ်းတာဟာ လက်ကိုချောမွေ့ပြီး တောက်ပြောင်စေပါတယ်။ လက်ဖဝါးအပြင် လက်ချောင်းလေးတွေကိုလည်း နှိပ်နယ်ပေးဖို့ လိုပါတယ်။ လက်ချောင်းတွေကိုတော့ အုန်းဆီလိမ်းပြီး နှိပ်နယ်ပေးရပါမယ်။ အဆစ်တစ်ခုချင်းစီ ဖြည်းညင်းစွာဆွဲပြီး နှိပ်နယ်ပေးရမှာ ဖြစ်ပါတယ်။ 

 

အဆီပြန်နေသော လက်များအတွက်
လက်ကို ရေဆေးပြီး ပေါင်ဒါလိမ်းပေးပါ။ လက်ချွေးထွက်နေသူများ အတွက်ကျတော့ လက်ကို တစ်သျှူးနဲ့ သုတ်မဲ့အစား တဘတ်၊ ပဝါ စတာတို့နဲ့ သုတ်ပေးတာ ပိုကောင်းပါတယ်။ 

 

ထွေထွေရာရာနည်းနာများ
၁။ အာလူးကို ချေပြီး နွားနို့နဲ့ ရောစပ်ကာ လိမ်းပေးပါ။
၂။ ကြက်ဥ၊ ဘဲဥ အကာရည်တို့ကို လက်မှာ လိမ်းကျံနိုင်ပါတယ်။ လက်အရေပြားတွန့်တာကို တားဆီးကာကွယ်ပေးပါတယ်။
၃။ လက်ထဲ သံပရာရည်တစ်စက်ချပြီး ပွတ်ပေးတာဟာ လက်ကို ချောမွေ့စေပါတယ်။ ညီညာစေပါတယ်။ 

 

သတိထားရမည့် အချက်များ
၁။ အလုပ်လုပ်နေစဉ်များ လက်ကို လက်အိပ်စွပ်ပြီး လုပ်ပေးပါ။ အိမ်သန့်ရှင်းရေးလုပ်တဲ့ အခါမှာလည်း လက်အိတ်စွပ်ပြီး လုပ်ပေးပါ။
၂။ နေရောင်ထဲ လုပ်တဲ့ အလုပ်ဆိုရင် လက်ကို လက်အိတ်စွပ်ပေးသင့်ပါတယ်။
၃။ နေရောင်နဲ့ အထိ အတွေ့များတဲ့လက်က အရေပြားတွန့်တာ ပိုဖြစ်နိုင်ပါတယ်။ အပြင်မထွက်ခင် Sunscreen လိမ်းပြီးမှသွားပါ။
၄။ လက်ကို ဓာတုဗေဒပစ္စည်းများ၊ အညစ်အကြေး၊ အမှိုက်သရိုက်များနဲ့ ထိတွေ့မှု မရှိပါစေနဲ့။
၅။ လက်ရဲ့ အရေပြားဟာ ပါးလွှာပါတယ်။
၆။ အရေပြားတွန့်ခြင်းဟာ မျက်နှာ၊ လည်းပင်းမှာထက် လက်မှာ ဦးစွာဖော်ပြပါတယ်။
၇။ ခြောက်သွေ့တဲ့ အရေပြားဟာ အလွယ်တကူ ထိခိုက်နိုင်ပြီး အမြန်ဆုံးအရေပြား တွန့်လွယ်ပါတယ်။

 

Healthcare.com.mm
Ref:
လင်းလက်ကြယ်စင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18