နိုင်ငံကိုယ်စားပြုအားကစားသမားများအနေဖြင့် ကမ္ဘာ့အဆင့်အထိထိုးဖောက်နိုင်သည့် နိုင်ငံ့သားကောင်းများဖြစ်စေရန် ကြိုးပမ်းကြစေလိုဟု နစက ဥက္ကဋ္ဌတိုက်တွန်းပြောကြား

0
132

နိုင်ငံကိုယ်စားပြုအားကစားသမားများအနေဖြင့် ကမ္ဘာ့အဆင့်အထိထိုးဖောက်နိုင်သည့် နိုင်ငံ့သားကောင်းများဖြစ်စေရန် ကြိုးပမ်းကြစေလိုဟု နစက ဥက္ကဋ္ဌတိုက်တွန်းပြောကြား

နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ-B ၌ ဇွန် ၃ ရက်(ယနေ့)နံနက်ပိုင်းကပြုလုပ်သည့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်မှဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအ နားတွင် နစက ဥက္ကဋ္ဌမှတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အားကစားဆိုတာ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ ကျန်းမာကြံ့ခိုင်မှု၊ဇွဲလုံ့လဝီရိယကြီးမားမှုနဲ့စည်းလုံးညီညွတ်မှုတွေကို ပေါ်လွင်စေနိုင်ပြီး အားကစားပြိုင်ပွဲတွေဟာ တရားမျှတမှုရှိတဲ့ စွမ်းရည်ပြယှဥ်ပြိုင်မှုတွေပဲဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် လူငယ်လူရွယ်တိုင်း အားကစားကိုစိတ်ပါဝင်စားကာ ကျန်းမာသန်စွမ်းသည့် မျိုးဆက်သစ်နိုင်ငံ့သားကောင်းများ အားကစားထူးချွန်သူများဖြစ်စေရန် ကြိုးစားရမည်ဟု ပြောသည်။

“လူငယ်လူရွယ်တွေအနေနဲ့ အားကစားမှာထူးချွန်ပြီး သက်ဆိုင်ရာဒေသကိုယ်စားပြုအဆင့်ကနေ အရှေ့တောင်အာရှကနေ အာရှအဆင့် အာရှအဆင့်ကနေ ကမ္ဘာ့အဆင့်အထိ ထိုးဖောင်နိုင်တဲ့နိုင်ငံ့သားကောင်းတွေဖြစ်အောင် ဆက်လက်ကြိုးပမ်းပြီး နိုင်ငံတကာပြိုင်ပွဲတွေမှာ အောင်နိုင်မှုတွေကို အခုထက်ပိုရပြီး နိုင်ငံ့ဂုဏ်ကိုအားကစားနည်းနဲ့မြှင့်တင်နိုင်စေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ ၃၁ ကြိမ်မြောက်အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိခဲ့သည့် ဗိုဗီနမ်၊ပိုက်ကျော်ခြင်း၊ဝူရှူး၊ Kurash၊ကာ ယဗလနှင့်ကာယကြံ့ခိုင်မှု၊ပီတန်း၊ဘိလိယက်နှင့်စနူကာ အားကစားနည်းများမှ အားကစားသမားများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။

အလားတူ နစက ဒု-ဥက္ကဋ္ဌ ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှလည်း ငွေတံဆိပ်ဆုရရှိသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် ငွေတံဆိပ်ဆုရရှိသူများ၊ကြေးတံဆိပ်ဆုရ ရှိသူများ၊နည်းပြများနှင့်အုပ်ချုပ်သူများကိုလည်း နစက အဖွဲ့ဝင်များမှ ဂုဏ်ပြုဆုငွေများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here